ယေရှုနောက်သို့ ဘယ်လိုလိုက်ရမလဲ
Video not available
သင့်အသက်တာသစ်အတွက် ဆက်နွယ်မှု ၄ မျိုးအကြောင်း ရှင်းပြထားသော အရေးပါသော ဤဗီဒီယိုကို ကြည့်ရှုပါ
အောက်ပါအပိုင်းများက ယေရှုနောက်လိုက်သူ (တပည့်တော်) ဖြစ်ခြင်း ဆိုလိုရင်းကို သင်ကြားပေးပါမယ်
စာရင်းသွင်းရန်ဘုရားသခင်က သာမန်လူများကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြီးမားတဲ့အမှုတွေမှာ ဘယ်လို အသုံးပြုတတ်သလဲ ဆိုတာ သင်မြင်တွေ့ရပါမယ်။
တပည့်တော်ဖြစ်ခြင်းရဲ့ အနှစ်သာရ၊ တပည့်တော် မွေးထုတ်ခြင်းနဲ့ အသင်းတော်ဆိုသည်မှာ ဘာလဲ ဆိုတာ ရှာဖွေလိုက်ပါ။
ယေရှုနောက်လိုက် တစ်ဦးတည်းကိုသာ မွေးထုတ်သူ မဟုတ်ဘဲ၊ လာမယ့် မျိုးဆက်များထိ ဆတိုးပွားစေမည့် ဝိညာဉ်ရေး မိသားစုများကို ဘယ်လိုဖန်တီးမလဲဆိုတဲ့ ရိုးရှင်းသော နိယာမကို လေ့လာပါ။
ယေရှုနောက်လိုက်သူများကို ယေရှုကဲ့သို့ သဏ္ဍာန်တူလာအောင် ဘုရားသခင် နေ့စဉ်လုပ်ဆောင်ပေးသော အဓိကအချက်လေးချက်ကို ရှာတွေ့ရပါမယ်။
ဆုတောင်းခြင်း
တပည့်တော်ဖြစ်ခြင်းဆိုတာ ဘုရားအသံကို ကြားပြီးမှ ဘုရားစကားကို နာခံခြင်း ဖြစ်ပါတယ်။
ဆုတောင်းခြင်း၌ တစ်နာရီအချိန် ကုန်ဆုံးရတာ ဘယ်လောက်လွယ်ကူကြောင်း နည်းလမ်းကို ကြည့်ရှုပါ
အခြားသူများကို ဆုတောင်းပေးရာတွင် မှတ်မိလွယ်စေမည့် ရိုးရှင်းသော အတိုကောက် စကားလုံးများဖြင့် လေ့ကျင့်ခြင်း။
သမ္မာကျမ်းစာ ဖတ်ရှုခြင်း
ဘုရားနှုတ်ကပါတ်တော်ကို သိမြင်နားလည်ခြင်း၊ နာခံခြင်းနဲ့ ဝေငှနိုင်စေရန် ကူညီပေးမည့် နေ့စဉ် သမ္မာကျမ်းစာလေ့လာခြင်းဆိုင်ရာ နည်းတန်ဆာများ
တပည့်တော်များ သိသောအရာက အရေးကြီးသကဲ့သို့၊ သူတို့သိသော အရာများကို ထပ်တူလုပ်ဆောင်ခြင်းဟာလည်း အလွန်ပင်အရေးကြီးပါတယ်။
အဖွဲ့အစည်း
၃/၃ အဖွဲ့ဟာ သင်ယူလေ့လာခဲ့သော အရာအပေါ် ထပ်တူ ဝေမျှခြင်း၊ နာခံတတ်အောင် လက်တွေ့လုပ်ဆောင်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ ကြီးထွားခြင်း၊ သင်ယူခြင်း၊ ဆုတောင်းခြင်းနှင့် တွေ့ဆုံခြင်းတို့ကို ယေရှုခရစ်၏နောက်လိုက်များအနေဖြင့် လုပ်ဆောင်ရမယ့် နည်းလမ်း ဖြစ်ပါတယ်။ ဤနည်းလမ်းတွင် ၃/၃ အဖွဲ့က အဖွဲ့ငယ်အသွင်ဖြင့် မဟုတ်ပဲ၊ ရိုးရှင်းသော အသင်းတော်တစ်ခုအသွင်ဖြင့် ဖြစ်ပါတယ်။
အမျိုးသားချင်းနဲ့ အမျိုးသမီးချင်း ၂ ဦး (သို့) ၃ ဦးဖြင့် အပတ်စဉ် တွေ့ဆုံခြင်းနှင့် အထူးကောင်းမွန်သောနေရာနှင့် ပြုပြင်ရမည့်နေရာများတွင် ထောက်ပြအားပေးစေမည့် နည်းတန်ဆာ။
သွားခြင်းနှင့် ရှိနေခြင်းဖြင့် ယေရှုခရစ်၏အမိန့်တော်ကို ဘယ်လို နာခံရမလဲဆိုတာ သင်ယူပါ။
ယေရှုခရစ်နှင့် ဆက်နွယ်မှု တည်နေစေရန်နှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးဖြစ်စေရန် ရိုးရှင်းသော ချီးမွမ်းထောပနာပြုခြင်း နည်းလမ်း ဖြစ်ပါတယ်။ ရိုးရှင်းသော ထောပနာပြုနည်းကို လေ့လာပါ။
ယေရှုက “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံပေးကြလော့…” ဟုမိန့်တော်မူပါတယ်။ ဒါကို ဘယ်လိုလက်တွေ့ ခံယူရမလဲဆိုတာ သင်ယူပါ။
ပေးဆပ်ခြင်းနဲ့ ဆင်းရဲဒုက္ခခံခြင်း
ဘုရားသခင်ရဲ့ စီးပွားရေးအသွင်ဟာ လောကရဲ့ စီးပွားရေးအမြင်နဲ့ ဘယ်လိုကွဲပြားခြားနားတယ် ဆိုတာ သင်ယူပါ။ ဘုရားသခင်က သူပေးထားတဲ့ အရာအပေါ်သစ္စာရှိတဲ့သူ အပေါ်မှာ ပိုပြီး ပေးတတ်ပါတယ်။
ဘုရားသခင်၏နိုင်ငံတော် မတည်ရှိသေးသောနေရာကို စတင်ကြည့်ရူပါ။ ထိုနေရာဒေသက ဘုရားသခင် အမှုပြုချင်ဆုံးသော နေရာများလဲ ဖြစ်ပါတယ်။
ထိုအခါ ယေရှုသည် သူတိုထံသိုချဉ်းကပ်၍ “ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတိုကို ငါ့ထံပေးအပ်တော်မူပြီ။ ထိုကြောင့် သင်တိုသည်သွား၍ လူမျိုးတကာတိုကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတိုကိုဗတ္တိဇံပေးကြလော့။ သင်တိုအား ငါပညတ်ထားသမျှသောအရာအားလုံးတိုကိုစောင့်ထိန်းရန် သူတိုကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တိုနှင့်အတူ အစဉ်မပြတ်ရှိ၏” ဟု မိန့်တော်မူ၏။
ယေရှုနောက်လိုက်ပြီး နာခံသောသူများအဖြစ် တစ်ပါးသူများကို သွန်သင်ခြင်း
ဘဲကလေး တပည့်တော်မွေးထုတ်ခြင်းနိယာမက ဘယ်ကဲ့သို့ဖြစ်မယ်ဆိုတာ သင်ယူပါ။
ကွင်းဆက်သင်တန်းပေးခြင်းနှင့် တပည့်တော်မွေးထုတ်ခြင်းတွင် ဘယ်ကဲ့သို့ လုပ်ဆောင်ရမည်ကို သင်ယူပါ။
တပည့်တော်မွေးထုတ်ခြင်းဟာ အစဉ်အတိုင်းမဖြစ်တတ်ပဲ ရှိတတ်သည်ကို ကြည့်ပါ။ ၎င်းအထဲတွင် မြောက်မြားစွာသော အမှုအရာများ ဖြစ်ပေါ်တတ်ပါတယ်။
တိုးပွားခြင်းက အရေးပါသလို အလျှင်အမြန် တိုးပွားခြင်းကလဲ ပို၍အရေးပါလှပါတယ်။ အဟုန်က ဘာအတွက်ကြောင့် အရေးပါရတယ်ဆိုတာ ကြည့်ပါ။
သိကျွမ်းပြီးသားလူများထံ ယေရှုအကြောင်း ပြောပြခြင်း
သင့်ရဲ့ ဆက်နွယ်မှုကို ကောင်းစွာ စီမံခန့်ခွဲရာတွင် ကူညီပေးမယ့် နည်းတန်ဆာ။
လူသားမျိုးနွယ်ရဲ့ အစကနဦးကနေ ခေတ်ကာလအဆုံးအထိ ဘုရားသခင်ရဲ့ သတင်းကောင်းကို ဘယ်လိုနည်းနဲ့ မျှဝေရမလဲဆိုတာ သင်ယူပါ။
ယေရှုခရစ်တော်က သင့်ဘဝကို ဘယ်လိုမျိုး လွှမ်းမိုးသက်ရောက်စေတယ်ဆိုတာ သုံးမိနစ်အတွင်း သင့်အတွေ့အကြုံကို ဝေငှတတ်ရန် သင်ယူပါ။
မသိသေးသောလူများထံ ယေရှုအကြောင်း ပြောပြခြင်း
မင်္ဂလာသားဆိုတာ ဘယ်သူလဲ၊ သူ့ကိုရှာတွေ့တဲ့အခါ ဘယ်လိုသိနိုင်မလဲဆိုတာ လေ့လာကြရအောင်။
ဤအရာသည် အခြားသူများထံ ဆုတောင်းမေတ္တာပို့သရန်အတွက် ဘုရားသခင်၏ ရိုးရှင်းသော အမိန့်တော်လဲ ဖြစ်ပါတယ်။ ဒါက လမ်းလျှောက်နေရင်းနဲ့ ဆုတောင်းနေတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။
ဤအဖွဲ့က ၃/၃ အဖွဲ့ကို ဦးဆောင်သူနှင့် အစပြုသူတို့ ပါဝင်သော အဖွဲ့ ဖြစ်ပါတယ်။ သင့်ရဲ့ ဒေသအတွင်း ဝိညာဉ်ရေးဆိုင်ရာ ကြံ့ခိုင်ကျန်းမာရေး၌ ဘုရားသခင်၏အမှုကို အကဲဖြတ်ဆန်းစစ်ပေးမည့် တန်ခိုးပါသော ၃/၃ နည်းစနစ်လဲ ဖြစ်ပါတယ်။
တပည့်တော်များကို တိုးပွားစေရာမှာ သင့်ရဲ့အားနည်းချက်နှင့် အားသာချက်များကို အလွယ်တကူ အကဲဖြတ်သုံးသပ်နိုင်မည့် တန်ခိုးပါသော နည်းတန်ဆာ။
ခေါင်းဆောင်မှု ဆဲလ်ဟူသည်မှာ ခေါင်းဆောင်ခြင်းအတွက် ခေါ်ခြင်းခံရသည်ဟု မိမိကိုယ်ကို ထင်ရသောသူများအား လက်တွေ့အစေခံတတ်စေရန် ခေါင်းဆောင်မှုနည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။
အသင်းတော်များကို တိုးပွားစေပြီး ၎င်းတို့၌ ဝိညာဉ်ရေး မိသားစု ဘဝအသက်ရှင်မှုကို မည်သို့ အတူတကွဆက်စပ်တည်နေစေမည်ကို သင်ယူပါ။