50+ဘာသာစကား

တပည့်ဖြစ်စေခြင်းသင်တန်းယေရှုနောက်လိုက် အဖွဲ့များအတွက်

အခမဲ့ စာရင်းသွင်းရန်

ယေရှုကဲ့သို့ အသွင်တူလာရန်….. အတူတကွလုပ်ဆောင်ခြင်း

အကျဉ်းချုပ်

  • အဖွဲ့လိုက် ဆွေးနွေးမှုများ
  • ကိုယ်တိုင် ဦးဆောင်သင်ယူမှု
  • လက်တွေ့ရှေ့ဆောင် လေ့ကျင့်မှု
  • ကျွမ်းကျင်မှုနှင့် အယူအဆသဘော ၃၂ ခု
  • နာရီ ၂၀ ကြာ သင်တန်း
Group doing Zúme

အခမဲ့.. အချိန်မရွေး.. ဒေသမရွေး.

သိရှိလာမည့် အရာများ

Being a disciple

တပည့်တော်ဖြစ်ခြင်း

  • တပည့်တော်ဆိုတာ ဘာလဲ
  • အသင်းတော်ဆိုတာ ဘာလဲ
  • ဝိညာဉ်ရေးရာ ကြီးထွားမှုအတွက် သော့ချက်များ
  • ကိုယ်တိုင် သမ္မာကျမ်းစာလေ့လာခြင်း
  • ပြင်းပြသော ဆုတောင်းခြင်းအသက်တာ
  • နာခံမှုရှိသော ယုံကြည်ခြင်းရဲ့ တန်ခိုး
Making disciples

တပည့်တော် မွေးထုတ်ခြင်း

  • ဘုရားသခင်အကြောင်း ဝေငှခြင်း
  • သင့်အကြောင်း ပြောပြခြင်း
  • တရားရှာသူများကို ထိတွေ့ခြင်း
  • ရူပါရုံချမှတ်ခြင်း တိုးပွားမှု
  • ရိုးရှင်းသော အသင်းတော်ကို ဦးဆောင်ခြင်း
  • အခြားသူများကို သင်တန်းပေးခြင်း

သာမန်လူ… ရိုးရှင်းသောခြေလှမ်း။

Zúme video

သင်တန်း ဘယ်လိုလုပ်ဆောင်သလဲ

အခမဲ့ စာရင်းသွင်းခြင်းက သင်ထောက်ကူပစ္စည်းအားလုံးနှင့် အွန်လိုင်း နည်းပြခြင်းကို အပြည့်အဝ ဝင်ရောက်ခွင့်ပေးပါတယ်။

လမ်းညွှန် ဗွီဒီယိုများက သင့်အဖွဲ့ဝင်များ တပည့်တော် တိုးပွားစေခြင်းရဲ့ အခြေခံနိယာမများကို နားလည်ဖို့ ကူညီပေးပါမယ်။

အဖွဲ့လိုက် ဆွေးနွေးမှုများ ဟောပြောထားတဲ့အထဲကနေ အဖွဲ့ထဲကို ဆင်ခြင်စေဖို့ ကူညီပေးပါမယ်။

ရိုးရှင်းသော လေ့ကျင့်ခန်းများက သင်ယူခဲ့တဲ့ အရာအပေါ် လက်တွေ့လုပ်ဆောင်ဖို့ သင့်အဖွဲ့ကို ကူညီပေးပါမယ်။

အပိုင်းလိုက် စိန်ခေါ်ချက်က အပိုင်း တစ်ခုနဲ့တစ်ခုကြား သင့်အဖွဲ့ လေ့လာမှုနဲ့ ကြီးထွားမှုကို အမြဲကူညီပေးပါမယ်။

သင့်ကိုယ်ပိုင် လေ့ကျင့်ရေးကို စတင်ပါ

Gather a group

သူငယ်ချင်းအနည်းစုနဲ့ စုဝေးလုပ်ဆောင်ပါ။ ဒါမှမဟုတ် ရှိပြီးသား အဖွဲ့ငယ်နဲ့ သင်တန်းကို ဆက်သွားပါ။ သင့်ရဲ့ ကိုယ်ပိုင် သင်တန်းအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်ချက်ကို သုံးသပ်ပါ။

ဖွဲ့စည်းရန်

သင်တန်း ပါဝင်ရန်

Join a training group

ယခု သင့်အဖွဲ့ ကို မဖွဲ့နိုင်သေးပါက အတွေ့အကြုံရှိသော ဇူးမီနည်းပြ ဦးဆောင်တဲ့ အွန်လိုင်းသင်ကြားခြင်း အဖွဲ့တစ်ခုခုမှာ ပါဝင်ဖို့ စဉ်းစားကြည့်ပါ။

ပါဝင်ရန်

နည်းပြဆရာ တောင်းဆိုရန်

Request a coach

သင်ကြားခြင်းကို နားလည်သိကျွမ်းပြီး အသီးသီးစေသော တပည့်တော်ဖြစ်ဖို့ ကူညီပေးမည့် ဇူးမီနည်းပြဆရာနဲ့ အခမဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။

အကူအညီ ရယူရန်

လက်တွေ့လူများ … ဖြစ်ရပ်မှန်များ

Real people

အသင်းတော်နဲ့ ကျမ်းစာလေ့လာခြင်းအစီအစဉ်မှာ နှစ်အများကြီး သစ္စာရှိရှိ တက်ရောက်ခဲ့ပေမယ့် ဇူးမီသင်တန်းမှာလို သိတဲ့ တပည့်တော် မွေးထုတ်ခြင်းမျိုး ရိုးရှင်းတဲ့ သမ္မာတရားကိုတော့ အရင်က ကျွန်ုပ် နားမလည်ခဲ့ဖူးပါဘူး။ ~ C

လူတိုင်း ဒါကိုလုပ်နိုင်တယ်။ ဒီအတွက် သင့်မှာ အထူးစွမ်းရည် ဒါမှမဟုတ် အထူးသင်တန်း ခံယူစရာ မလိုအပ်ပါဘူး။ ~ J

ဒါက မဟာစေခိုင်းချက်ကို နာခံလိုတဲ့ တပည့်တော်အားလုံးအတွက် ဖြစ်ပါတယ်။ ဇူးမီသင်တန်း သင်ခန်းစာတွေက သာမန် ခရစ်ယာန်တစ်ယောက်ရဲ့ ဘဝနေထိုင်မှု ပုံစံပါပဲ။ ~ D

ဒီအယူအဆသဘောနဲ့ စွမ်းရည်တွေက ကျွန်တော်တို့ အသင်းတော်နဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုကို ပြောင်းလဲပေးစေနိုင်ပါတယ်။ ~ R

Zúme = တဆေး

ဇူးမီကို ဂရိဘာသာမှာ တဆေးလို့ အဓိပ္ပာယ်ရပါတယ်။ မဿဲ ၁၃:၃၃ မှာ ယေရှုက အခြားသော ပုံပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကို ယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင် ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွစေ၏” ဟုဖော်ပြထားပါတယ်။ ဒီပုံပမာက သာမန်လူတွေ၊ သာမန် အရင်းအမြစ်တွေကို အသုံးပြုပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကို သဘာဝလွန် အဖြစ်အပျက်များစွာ သက်ရောက်စေနိုင်တယ်ဆိုတာ ပုံဖော်ထားတာဖြစ်ပါတယ်။ ဇူးမီက ကျွန်ုပ်တို့ မျိုးဆက်ထဲ တပည့်တော် တိုးပွားစေခြင်းကို ကမ္ဘာတစ်ဝှမ်းသို့ လွှမ်းမိုးစေဖို့ သာမန်ယုံကြည်သူများကို တန်ခိုးပေးပြီး မွမ်းမံတန်ဆာဆင်ပေးဖို့ ဖြစ်ပါတယ်။

နောက်တစ်ဆင့် ခြေလှမ်းရန် အသင့်ဖြစ်ပြီလား

Register

အခမဲ့ စာရင်းသွင်းရန်။

Gather a group

အဖွဲ့ စုစည်းရန်။

Change the world

ကမ္ဘာကြီးကို ပြောင်းလဲလိုက်ပါ။

စတင်ရန်