ဇူးမီကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒ

ဤကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒသည် မိမိ၏ “ပုဂ္ဂိုလ်ရေး အချက်အလက်များ” (Personally Identifiable Information- PII) ကို အွန်လိုင်းပေါ်၌ မည်သို့ အသုံးပြုသည်ကို စိုးရိမ်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန် အချက်အလက်များ စုဆောင်းထားခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ကိုယ်ရေးအချက်အလက်ဆိုင်ရာ ဥပဒေနှင့် သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေးတွင် PPI ဟူသည်မှာ ပုဂ္ဂိုလ်ရေး ခွဲခြားသိရှိနိုင်မှု၊ ဆက်သွယ်ရေး၊ တစ်ဦးတစ်ယောက်၏ တည်နေရာကို သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း စီစစ်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝက်ဆိုဒ်မူဝါဒအရ သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို မည်သို့အသုံးပြုသည်၊ စုဆောင်းသည်၊ ကိုင်တွယ်သည် သို့မဟုတ် ကာကွယ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်စေရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို သေချာဖတ်ရှုပါ။

ဆိုရှယ်မီဒီယာ အကောင့်ဖြင့် ဝင်ရောက်ခြင်း (Social Sign-On Logins) တွင် မည်သည့်ခွင့်ပြုချက်များ တောင်းခံတတ်ပါသလဲ။

အောက်ပါ ကိုယ်ရေးအချက်အလက်များသည် Facebook သို့မဟုတ် Google ဝင်ရောက်အသုံးပြုမှုအပေါ် လိုက်၍ ပြောင်းလဲနိုင်ပါသည်။

  • အများသုံးဆိုင်ရာ ကိုယ်ရေးအချက်အလက် (Public Profile)။ အိုင်ဒီ၊ နာမည်၊ ပုံ၊ လိင်နဲ့ နေထိုင်ရာဒေသအပေါ် အသုံးပြုသူ၏ ဒေတာအချက်အလက်များ ပါဝင်သည်။
  • အီးမေးလ်လိပ်စာ။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်မှ အသုံးပြုသူများထံမှ မည်သည့် ကိုယ်ရေးအချက်အလက်များ စုဆောင်းတတ်ပါသလဲ။

အချို့သော ပုဂ္ဂိုလ်ရေးအချက်အလက်များသည် ဝက်ဘ်ဆိုဒ် ကောင်းစွာ လုပ်ဆောင်နိုင်ရေးအတွက် ခြေရာစုဆောင်းပြီး၊ အချို့အချက်အလက်များအတွက် လိုအပ်သော သင်တန်းနည်းပြခြင်းနှင့် ပံ့ပိုးပေးမှုအတွက် တောင်းခံခြင်း၊ သိမ်းဆည်းခြင်း ပြုလုပ်ပါသည်။

  • အသုံးပြုသူ၏ အမည်ရင်း သို့မဟုတ် နာမည်ပြောင်ကို ဝက်ဘ်ဆိုက်၏ အရည်အသွေးဆိုင်ရာနှင့် ဆက်သွယ်ရေးဆိုင်ရာ မြှင့်တင်စေရန်၊ နည်းပြခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ တောင်းဆိုမှု တိုးတက်စေရန်အတွက် တောင်းခံပါသည်။
  • အသုံးပြုသူ၏ နှစ်သက်ရာ ဘာသာစကားကို ဝက်ဆိုဒ်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ကောင်းစွာလည်ပတ်နိုင်စေရန်၊ နည်းပြနှင့် အသုံးပြုသူတို့ အချိတ်အဆက်မိစေရန်အတွက် ထိန်းသိမ်းထားပါသည်။
  • အသုံးပြုသူ၏ အီးမေးလ်လိပ်စာကို အကောင့်ဖွင့်လှစ်ခြင်းနဲ့ ငွေကြေးဆိုင်ရာ ဝက်ဆိုဒ်ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အသုံးပြုပါသည်။
  • အသုံးပြုသူ၏ ဖုန်းနံပါတ်ကို အခမဲ့နည်းပြခြင်း ဝန်ဆောင်မှုဆိုင်ရာအတွက် ပံ့ပိုးမှုပေးနိုင်ရန် အချက်အလက်များ သိမ်းဆည်းထားပါသည်။
  • အသုံးပြုသူ၏ မြို့ကို ဝက်ဘ်ဆိုဒ်အရင်းအမြစ်များနှင့် ဆက်သွယ်ရေးဆိုင်ရာများ၊ နည်းပြနှင့် ဝန်ဆောင်မှုဆိုင်ရာ အချိတ်အဆက်ပြုလုပ်နိုင်စေရန်အတွက် တောင်းခံပါသည်။

အချက်အလက်များကို မည်သည့်အချိန်တွင် စုဆောင်းတတ်ပါသလဲ။

  • သင်၏အချက်အလက်များကို လော့ခ်အင် ဝင်ရောက်သည့်အခါ စုဆောင်းတတ်ပါသည်။
  • သင်တန်းခံယူသော အတန်းနှင့် ဝက်ဘ်ဆိုဒ် သုံးစွဲမှုမှတစ်ဆင့် သင်၏ လုပ်ဆောင်ချက် တိုးတက်မှုကို ခြေရာခံပါသည်။
  • အချက်အလက်ဖြည့်သွင်း ဖောင်တင်သည့်အချိန်နှင့် စာရင်းသွင်းချိန်တွင် လိုအပ်သော အချက်အလက်များ တောင်းဆိုပါသည်။

အချက်အလက်များကို ဘယ်လို အသုံးပြုသလဲ။

  • သင်၏အချက်အလက်များကို ဇူးမီ စနစ်ထဲတွင် သင်၏အီးမေးလ်လိပ်စာပေါ် အခြေခံ၍ အသုံးပြုသူ အကောင့်ကို ဖန်တီးပေးရာတွင် အသုံးပြုသည်။
  • သင်၏စကားဝှက် ပြောင်းလဲသတ်မှတ်ခြင်း၊ တောင်းဆိုခြင်းအပါအဝင် အခြားစနစ်ပိုင်းဆိုင်ရာ အသိပေးချက်များအတွက် အကြောင်းကြားစာကို အီးမေးလ်ဖြင့် ပေးပို့ပါသည်။
  • သင်၏ သင်တန်းတိုးတက်မှု လုပ်ဆောင်ချက်အပေါ် မူတည်၍ သတိပေးချက်နှင့် ခွန်အားပေးချက်များကို အခါအားလျှော်စွာ အီးမေးလ် ပေးပို့ပါသည်။

သင်၏ အချက်အလက်များကို ဘယ်လို ကာကွယ်ပေးသလဲ။

အွန်လိုင်းမှတစ်ဆင့် ပေးပို့သော အရေးကြီးသော ထိရှလွယ်အချက်အလက်များကို လျှို့ဝှက်ကုဒ် စနစ်ဖြင့် လုံခြုံစွာ ကာကွယ်ပေးထားပြီး၊ အော့ဖ်လိုင်းမှ သင့်အချက်အလက်များကိုလည်း သေချာစွာ ကာကွယ်ပေးပါသည်။ အထူးကိစ္စရပ်များအတွက် လုပ်ဆောင်ရန် လိုအပ်သော (ဥပမာ - ဝက်ဘ်ဆိုဒ် စီမံခန့်ခွဲသူ သို့မဟုတ် ဝန်ဆောင်မှုပေးသူ) အဖွဲ့ဝင်များကိုသာ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဝင်ရောက် ကြည့်ရှုခွင့် ပေးပါသည်။

သင်၏ ကိုယ်ရေး အချက်အလက်များသည် လုံခြုံသည့် အထူးကွန်ယက်များဖြင့် သိမ်းဆည်းထားပြီး ၎င်းစနစ်ထဲသို့ အရေအတွက် အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့် ရှိသူတို့မှ ကြည့်ရှုနိုင်ပါသည်။ ထိုသူတို့မှလည်း အချက်အလက်များကို အထူးလျှို့ဝှက်ထားရန် တာဝန်ရှိပါသည်။ အထူးအချက်အလက်များနှင့် ငွေကြေးအချက်အလက်များကို Secure Socket Layer (SSL) နည်းပညာဖြင့် လျှို့ဝှက်ကုဒ်ခံကာ ကာကွယ်ထားပါသည်။

အသုံးပြုသူမှ အချက်အလက်များ ပေးပို့သည့်အခါ သို့မဟုတ် ဝင်ရောက်သည့်အခါ သင်၏ကိုယ်ရေးအချက်အလက်များ လုံခြုံစွာ စီမံထိန်းသိမ်းထားရှိရန် နည်းလမ်းမျိုးစုံဖြင့် သိုလှောင်ထားပေးပါသည်။

“ကွတ်ကီးများ” ကို အသုံးပြုပါသလား။

ကွတ်ကီးအသုံးပြုမှုဆိုင်ရာ သို့မဟုတ် အခြားခြေရာခံနည်းစနစ် အသုံးပြုခြင်းဆိုင်ရာများကို အထူးသီးခြားသတ်မှတ်ချက် မပါရှိပါက အသုံးပြုသူအား အတည်ပြုရန်နှင့် ၎င်းတို့၏ နှစ်သက်ရာကို မှတ်သားထားရန် ရည်ရွယ်ချက်အတွက်သာ အသုံးပြုသူ၏ လိုအပ်သော ဝန်ဆောင်မှုကို ပံ့ပိုးရန်အတွက် အသုံးပြုပါသည်။

သင်၏အချက်အလက်ဆိုင်ရာ ဝင်ရောက်ခွင့်နှင့် ထိန်းချုပ်ခွင့်။

ကျွန်ုပ်တို့၏ "Contact Us" စာမျက်နှာမှတဆင့် ဆက်သွယ်ခြင်းဖြင့် အောက်ပါတို့ကို မည်သည့်အချိန်မဆို ပြုလုပ်နိုင်ပါသည်။

  • သင်၏ လှုပ်ရှားမှုအချက်အလက်ထဲမှ မည်သည့်ဒေတာများ ထိန်းသိမ်းထားသည်ကို ကြည့်ရှုနိုင်သည်။
  • ကျွန်ုပ်တို့ သိမ်းဆည်းထားသော သင်၏ဒေတာများကို ပြုပြင်ခြင်း/ ပြောင်းလဲခြင်း ပြုလုပ်နိုင်သည်။
  • ကျွန်ုပ်တို့ သိမ်းဆည်းထားသော သင်၏ဒေတာ သို့မဟုတ် အကောင့်ကို ပယ်ဖျက်ခွင့် တောင်းဆိုနိုင်သည်။
  • သင်၏ ဒေတာများ အသုံးပြုမှုဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုအပေါ် ဖော်ပြပြောဆိုနိုင်သည်။
  • ကျွန်ုပ်တို့ထံမှ နောက်ပိုင်း ဆက်သွယ်မှုများကို လက်မခံလိုပါက ရပ်တန့်နိုင်ပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ပါ

အပ်ဒိတ်များ

ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပြီး နောက်ဆုံး အပ်ဒိတ်များကို ဤစာမျက်နှာပေါ်တွင် ဖော်ပြပေးပါမည်။