ဇူးမီသင်တန်း စတင်ခြင်း

သင့်ကိုယ်ပိုင် လေ့ကျင့်ရေးကို စတင်ပါ

အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပါ

သူငယ်ချင်းအနည်းစုနဲ့ စုဝေးလုပ်ဆောင်ပါ။ ဒါမှမဟုတ် ရှိပြီးသား အဖွဲ့ငယ်နဲ့ သင်တန်းကို ဆက်သွားပါ။ သင့်ရဲ့ ကိုယ်ပိုင် သင်တန်းအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ဆောင်ချက်ကို သုံးသပ်ပါ။

ဖွဲ့စည်းရန်

သင်တန်း ပါဝင်ရန်

အဖွဲ့တစ်ဖွဲ့တွင် ပါဝင်ပါ

ယခု သင့်အဖွဲ့ ကို မဖွဲ့နိုင်သေးပါက အတွေ့အကြုံရှိသော ဇူးမီနည်းပြ ဦးဆောင်တဲ့ အွန်လိုင်းသင်ကြားခြင်း အဖွဲ့တစ်ခုခုမှာ ပါဝင်ဖို့ စဉ်းစားကြည့်ပါ။

ပါဝင်ရန်

နည်းပြဆရာ တောင်းဆိုရန်

နည်းပြဆရာ တောင်းဆိုရန်

သင်ကြားခြင်းကို နားလည်သိကျွမ်းပြီး အသီးသီးစေသော တပည့်တော်ဖြစ်ဖို့ ကူညီပေးမည့် ဇူးမီနည်းပြဆရာနဲ့ အခမဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။

အကူအညီ ရယူရန်

သင်တန်း အယူအဆသဘောများ

ကိုယ်တိုင်ဦးဆောင်သင်ယူသော ဒီသင်ခန်းစာထဲတွင်၊ သင့်အဖွဲ့မှ ဗီဒီယို အတိုလေးများ၊ ဆွေးနွေးစရာ မေးခွန်းများ၊ ရိုးရှင်းသော လေ့ကျင့်ခန်းများကို အသုံးပြု၍ အောက်ပါတို့ရှိ သင့်ရဲ့ ကျွမ်းကျင်မှုနှင့် အသိပညာကို တိုးတက်စေရန် ပြုလုပ်ရမည်မှာ -

တပည့်တော်ဖြစ်ခြင်း အယူအဆများ

  • ဘုရားသခင်က သာမာန်လူများကို အသုံးပြုသည်
  • အသင်းတော်နှင့် တပည့်တော်၏ ရိုးရှင်းသော အနက်ဖွင့်ဆိုချက်
  • ဝိညာဉ်အသက်ရူခြင်းသည် ဘုရားသခင်၏ အသံကို ကြားခြင်းနှင့် နာခံခြင်းဖြစ်သည်
  • ခံယူသူနှင့် ထုတ်လုပ်သူတို့ ဘဝရှင်သန်မှု
  • ဝိညာဉ်ဆိုင်ရာ စီးပွားရေး
  • ဘဲကလေး တပည့်တော်ဖြစ်ခြင်းနိယာမ - ချက်ခြင်းဦးဆောင်မှု
  • ဘုရားသခင်၏နိုင်ငံတော် မတည်ရှိသေးသောနေရာကို မြင်သော မျက်စိ
  • မင်္ဂလာသားနဲ့ ထိုသူကို ဘယ်လိုရှာရမလဲ
  • သစ္စာရှိခြင်းသည် အသိပညာကြွယ်ဝခြင်းထက် မွန်မြတ်သည်
  • ခေါင်းဆောင်မှုဆဲလ်များ
  • အစီအစဉ်မကျသော ကြီးထွားမှုကို မျှော်လင့်ခြင်း
  • တိုးပွားမှုအဟုန် အရေးပါမှု
  • အသင်းတော်နှစ်ပါး၏ အစိတ်အပိုင်းဖြစ်ခြင်း
  • ကွန်ယက်တွင်း ခေါင်းဆောင်မှု
  • အသင်းဖော် အကြံပေးအဖွဲ့များ

ဝိညာဉ်ရေးရာ လေ့ကျင့်မှုများ

  • S.O.A.P.S သမ္မာကျမ်းစာလေ့လာခြင်း
  • တာဝန်ခံသော အဖွဲ့များ
  • ဆုတောင်းခြင်း၌ တစ်နာရီအချိန် ဘယ်လိုကုန်ဆုံးစေမလဲ
  • ဆက်နွယ်မှုဆိုင်ရာ စီမံခန့်ခွဲခြင်း - စာရင်း ၁၀၀
  • ဧဝံဂေလိတရားနှင့် ၎င်းကိုဘယ်လိုဟောပြောရမလဲ
  • ဗတ္တိဇံခံခြင်းနှင့် ဘယ်လို လုပ်ဆောင်ရမလဲ
  • သင့်ရဲ့ သက်သေခံချက်ကို ၃ မိနစ်စာ ပြင်ဆင်ရန်
  • ရူပါရုံချမှတ်ခြင်း အကြီးမားဆုံးကောင်းချီး
  • ပွဲတော်မင်္ဂလာနှင့် ဘယ်လိုဦးဆောင်ရမလဲ
  • ဆုတောင်းလမ်းလျှောက်ခြင်းနှင့် ၎င်းကိုဘယ်လို လုပ်ဆောင်ရမလဲ
  • BLESS ပုံစံဆုတောင်းနည်း
  • ၃/၃ အဖွဲ့ တွေ့ဆုံခြင်းပုံစံ
  • တပည့်တော်များ ရင့်ကျက်လာအောင် ကွင်းဆက်သင်တန်းပေးခြင်း
  • ၃ လသင်တန်းအစီအစဉ်
  • သင်တန်းနည်းပြ စစ်ဆေးမှုစာရင်း
  • နယ်ပယ်လေးခု နည်းစနစ်
  • မျိုးဆက်ပြ မြေပုံ
  • စက်ဝိုင်း ၃ ခု ဧဝံဂေလိတရားတင်ပြမှု

သင်တန်းအချိန်ဇယား

ဇူးမီသင်တန်းဟာ ၂၀ နာရီ ကြာသင်တန်း ဖြစ်ပါတယ်။ သို့သော် ထိုနာရီ ၂၀ ကို သင့်ရဲ့ သင်တန်းအဖွဲ့ အချိန်အားလပ်မှု အပေါ်လိုက်၍ ကွဲပြားမှု ရှိနိုင်ပါတယ်။

အပိုင်း ၁၀

မူရင်း ဇူးမီသင်တန်းပုံစံသည် ၁၀ ချိန်ဖြစ်ကာ၊ တစ်ချိန်လျှင် ၂ နာရီနှုန်း ဖြစ်ပါတယ်။ သင်တန်းချိန်တစ်ခုစီပြီးတိုင်း လက်တွေ့နာခံလုပ်ဆောင်ရမည့် အဆင့်များနှင့် သင်တန်းချိန် ကြားကာလတွင် မျှဝေရမည့် နည်းလမ်းများ ပါဝင်ပါတယ်။ ဤသင်တန်းပုံစံကို ပုံမှန်အားဖြင့် တစ်ပတ် တစ်ကြိမ်၊ ၁၀ ပတ်ကြာ လုပ်ဆောင်ရပါတယ်။

အပိုင်း ၂၀

နှေးကွေးသော သင်တန်းခံယူမှုပုံစံဖြင့် သင်ယူရာတွင် သင်တန်းအယူအဆနှင့် ကျွမ်းကျင်မှုများကို ပိုမိုထိရောက်စွာ လေ့လာနိုင်စေရေး နာရီ ၂၀ ချိန်ပုံစံကို ရွေးချယ်နိုင်ပါတယ်။ ဤသင်တန်းပုံစံတွင် သင်တန်းအယူအဆနှင့် နည်းစနစ်များကို ပိုမိုလေ့ကျင့်ခွင့် ရရှိပါမယ်။

ရက်တို

ဇူးမီသင်တန်းကို ၅ ရက်ခွဲခန့်၊ တစ်ချိန်လျှင် ၄ နာရီနှုန်းဖြင့်လည်း လုပ်ဆောင်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သောကြာနေ့ ညနေ (၄ နာရီ)၊ စနေနေ့တွင် တစ်နေကုန် (၈ နာရီ) နှင့် တနင်္ဂနွေနေ့တွင် တစ်နေကုန် (၈ နာရီ) ခန့်တို့ဖြင့် လုပ်ဆောင် နိုင်ပါတယ်။

ဘာတွေ လိုအပ်သလဲ

သင်တန်းအတွက် လိုအပ်သောအရာများ

  • တွေ့ဆုံရမည့် အချိန်နဲ့ တည်နေရာ၊ နောက်ဆက်တွဲ ဆွေးနွေးခြင်း၊ လုပ်ဆောင်မှုတို့ကို ချက်ချင်းတုံ့ပြန်တတ်ဖို့ လူတစ်ဦး (သင်ဖြစ်နိုင်) ဦးဆောင်ရန်။
  • သင်ခန်းစာ နည်းစနစ်များနဲ့ အယူအဆသဘောများကို လက်တွေ့လေ့ကျင့်ပြီး နာရီ ၂၀ ကြာ လေ့လာမည်ဟု ကတိကဝတ်ပြုခြင်း။
  • အနည်းဆုံး လူ ၃ ယောက်၊ လူများပါက ၁၂ ယောက်အောက်ဖြစ်ရင် ပိုကောင်းသည်။

သင်တန်းအတွက် မလိုအပ်သောအရာများ

  • ×သင်တန်းဦးဆောင်ရန် အထူးခွင့်ပြုချက် မလိုအပ်ပါ။ ဇူးမီသင်တန်းဟာ ကိုယ်တိုင် ဦးဆောင်သင်ယူမှု၊ ကိုယ်တိုင် အစပြုလုပ်ဆောင်မှု ဖြစ်ကာ သင်ဒီနေ့ပဲ အစပြုနိုင်ပါတယ်။
  • ×သင့်အဖွဲ့ဝင်များထက် ပိုသာတဲ့ အသိပညာ၊ အတွေ့အကြုံများများ ရှိဖို့မလိုအပ်ပါ။ ဆက်သွားရန် ကိုနှိပ်ပါက ဇူးမီသင်တန်းကို ဦးဆောင်လို့ ရပါပြီ။